Pages

Subscribe:

Labels

Wednesday, December 10, 2014

Advocacy ngu ai hpa rai ta? Advocacy ဆိုတာလေးကို တင်ပေးလိုက်ပါတယ်

Maran Jawgun ရဲ့ Advocacy ဆိုတာလေးကို တင်ပေးလိုက်ပါတယ်။ မရှင်းတာရှိရင် သူ့မေးပါရှင့်။
Advocacy ဆိုတာ သတင်းအချက်အလက် မျှဝေပေးခြင်းထက် ကျော်လွန်ပါတယ်။
Advocacy ဆိုတာ ငါ့ကို ၀ိုင်းကူကြပါ ဆိုပြီး အော်တာထက် ကျော်ပါတယ်။
Advocacy ဆိုတာ ဆန္ဒဖော်ထုတ်တာထက် ကျော်လွန်ပါတယ်။
Advocacy ဆိုတာ နစ်နာသူများကိုယ်စား၊ အများကိုယ်စား ပြည်သူ့အသံကို သယ်ဆောင်လာပေးခြင်း၊ ဆုံးဖြတ်ချက်ချမှုများမှာ ပါဝင်စွက်ဖက်ခြင်းနဲ့ နောင်အခါ အလားတူ ကိစ္စများ ထပ်မံ ဖြစ်ပွားမှု မရှိအောင် မူဝါဒများ ပြောင်းလဲခြင်းအထိ ပါဝင်နိုင်ပါတယ်။
Advocacy ဆိုတာ ကိုင်တွယ်ဖြေရှင်းဖို့ ရွေးချယ်ထားတဲ့ မူဝါဒ သို့မဟုတ် ပြသနာတခုခုကို ၀ိုင်းဝန်းကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရေတိုရေရှည် ဗျူ ဟာချမှတ်ခြင်း၊ မဟာမိတ်ပြုခြင်း၊ ငွေ၊ နည်းပညာ၊ သတင်းအချက်အလက်များနဲ့ လူအပါအ၀င် အရင်းအမြစ်များ စုဆောင်းခြင်းတွေပြုလုပ်ပြီး project cycle တခုလို ဆောင်ရွက်ခြင်းဘဲ ဖြစ်တယ်။
မြန်မာနိုင်ငံမှာ မဟာမိတ်များများရဖို့ Activists များနဲ့ CSO များ၊ နိုင်ငံရေးသမားများ၊ သက်ဆိုင်ရာ ပညာရှင်များ အချင်းချင်း ကူညီစောင့်ရှောက်ဖို့ ချိတ်ဆက်ထားခြင်း၊ သူ့ကိစ္စမှာ ကိုယ်က ကူညီ ။ ကိုယ်လိုအပ်ရင် သူဝိုင်းကူ လုပ်မှ ရပါတယ်။ ကိုယ်လိုတဲ့ အချိန်မှာသာ လာဆွဲသုံးလို့ ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ Alliance ဆိုတာ အတူတကွ ၀ိုင်းဝန်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။


















Advocacy link

https://www.mffh.org/mm/files/AFJ_what-is-advocacy.pdf
http://en.wikipedia.org/wiki/Advocacy
http://www.ala.org/aasl/advocacy/definitions

0 comments:

Post a Comment